သီတဂူဆရာတော်ရဲ့တရားကို နာရလို့ လူမိုက်ဆိုတာ ဘယ်လိုလူကို ခေါ်တာလဲ ရှင်းရှင်းလင်းသိလာရပါတယ်။ အဲဒါနဲ့ လူမိုက်ရဲ့သွင်ပြင်လက္ခဏာကို ရေးပြချင်လို့ရေးပြရတာပါ။ Characteristics of stupid person ပေါ့။ ကိုယ်များလူမိုက်ရဲ့ ကာရိုက်တာတွေနဲ့များကိုက်ညီနေမလားဆိုတာ ဆန်းစစ်ကြည့်တာပေါ့။ မဟုတ်လား?
၁။ လူမိုက်တို့သည် နည်းမှန်လမ်းမှန်မဟုတ်တာတွေကို နည်းမှန်လမ်းမှန်ဟုသတ်မှတ်ပြီး ဆောင်ရွတ်တယ်။
၂။ လူမိုက်တို့သည် နည်းမှားတွေကို သူတို့နဲ့အတူလုပ်ဆောင်ရန် ဆွဲဆောင်တယ်။
၃။လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို အမွန်အမြတ်ထားတယ်။
၎။လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို မှားကြောင်းပြောပါက စိတ်ဆိုးတယ်။
ကျွန်တော်တို့ က မင်္ဂလသုတ်တော်မှာ လူမိုက်ကိုရှောင်ကျဉ်ခြင်းသည် မင်္ဂလာဖြစ်သည် လို့ ဆိုထားပေမယ့် လူမိုက်ဆိုတာ ဘယ်လို လူကို ခေါ်မှန်းမသိကြပါဘူး ဒါကြောင့် တင်ပြရခြင်းဖြစ်ပါတယ်။ လူမိုက်ကို ရှောင်ပြီး လူမိုက် ကာရိုက်တာများ မရှိအောင်နေနိုင်ကြပါစေ။
Friday, January 9, 2009
Saturday, December 27, 2008
ပြာနှမ်းနှမ်းည
ညက အနီရောင်တောက်တောက်
မဟုတ်ဖူး.........
ညစ်ထေးထေးနိုင်တဲ့ည...
အချဉ်ဖောက်ခံထားရလို့ပဲလား
ကိုယ်ကိုယ်တိုင်ကချဉ်နေလို့လား
မသိနိုင်တဲ့ည....
ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့ည...
ဒါပေမယ့်..
ဒီညက
ရင်ခုန်သံတွေ ပုံစံတူကူးချထားတဲ့ညတော့မဟုတ်ဖူး
အာရုံတွေကတော့ အပျက်မဆန်ဆန်
ဖြစ်ပျက်နေတဲ့ည ...
ဒီလိုည က
ငါ့ဘ၀ ကို လွမ်းအောင်လည်းဖန်တီးမပေးဘူး
ချဉ်သိုးနေတဲ့ ည။

Tuesday, October 28, 2008
မိုးတွေရွာနေတဲ့ညတစ်ည
အပြင်မှာတော့ မိုးတွေသည်းကြီးမည်းကြီးပဲဗျာ။ မိုးအေးအေးနဲ. အွန်လိုင်းပေါ် ဟိုကြည့်ဒီကြည့်နဲ့ လုပ်ရင်း ဘာရယ်မဟုတ် စာရေးချင်စိတ်တွေပေါ်လာတယ်ဗျ။ လွမ်းစရာကောင်းတယ်ဗျာ။ အမယ် ကျောင်းဆရာက ဘာများလွမ်းစရာ တွေရှိနေတာလဲ။ ဘာကိုလွမ်းလို့လွမ်းရမှန်းမသိပါဘူးဗျာ။ သေချာတာတော့ အိမ်ကိုသတိရတယ်ဗျာ။ အိမ်ပြန်မရောက်တာ ဘာလိုလိုနဲ. နှစ်နှစ်ကျော်ပြီပဲဗျာ။ ကျွန်တော်တို့မြို့လေး အခုချိန်ဆို အေးလို့စောင်ခြုံထဲမှာ ကွေးနေမှာလား။ အချမ်းပြေအောင် လိုင်မီးသောက်ပြီး ညကိုအချိန်ဖြုန်းနေပြီလား။ ခေါင်ရည်ချိုချိုကိုသောက်ပြီး ဇိမ်ယစ်နေတဲ့မြို.လည်းဖြစ်နေနိုင်တာပဲနော်။
အိမ်ကိုပြန်တဲ့ လမ်းလေးတွေကိုသတိရတယ်ဗျာ။ အိမ်ပြန်လမ်းမှာများဆိုရင် ကုက္ကို ပင်တွေဟာ စိမ်းနေမှာလား။ မြို့အ၀င်ဝ က မြို့အ၀င်ည တည်းခိုခန်းရှေ့မှာရော လူတွေစည်နေဦးမယ်ထင်တယ်။ ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်း စိန်မေရီဟာလည်း ပြန်လာရင် စိမ်းကားမနေတန်ကောင်းပါဘူးလေ။ သတိရမိတာကတော့ စိန်ပန်းတွေပွင့်တဲ့အချိန်ဗျာ။ ဘယ်လို ရာသီမှန်းတောင်မမှတ်မိဘူး။ ဒါပေမယ့် ထင်ထင်ရှားရှားပါပဲ။ အရီးတို့အိမ်ရှေ့က စိန်ပန်းပင်ကြီးရှိသေးရဲ့လား။ ငယ်ငယ်က ကစားဖော် ချောင်းကလေးကရော ဒီအချိန်ဆို ရေတွေတဖွေးဖွေး ဖြစ်နေမလား။ ပျော်စရာကောင်းခဲ့တဲ့နေရာ ပြန်မရတော့ပါဘူးလေ။ သတိရမိတယ်ဗျာ ချောင်းထဲရေသွားကူးလို့ကတော့ အမေဒုတ်တချောင်းနဲ့လာမှပဲ ပြန်တက်ခဲ့တာတွေ။ မိုးရာသီအစ ကျောင်းဖွင့်ချိန်ဆို ထီးတွေဆောင်းလို့ အမေက ကျောင်းလိုက်ပို့တယ်။ ဪ အမေတောင် ဇရာတွေထောင်းလို့ ပျိုရွယ်မနေတော့ဘူးလေ။ တခါတခါမှာ ဘာဖြစ်ဖြစ်ဆိုပြီး အိမ်ပြန်ချင်တယ်ဗျာ။ ဖြစ်ချင်တဲ့ဆန္ဒတွေ လိုအင်တွေ အကုန်ထားပြီး အိမ်မှာအမေနဲ့တူတူ နေချင်သေးတယ်ဗျာ။ ဖြစ်နိုင်ပါ့မလားတော့မသိဘူးဗျာ။ လူဆိုတာ တော်ရာမှာဘဲနေရမှဆိုတာကြီးဗျာ။ မဖြစ်နိုင်သေးပါဘူးဗျာ။ ဆရာကျော်ဝင်း ရေးသလို ကမ္ဘာကြီးပြားလာရင်တော့ တမျိုးပေါ့ဗျာ။ မြို့ကလေး အပြားကမ္ဘာထဲ ၀င်ဖို့က လိုပါသေးတယ်ဗျာ။ ဖတ်လို့ကောင်းမကောင်းတော့မသိဘူးဗျာ။ မိုးအေးအေးနဲ့စောင်ခြုံထဲကနေ ရေးနေတာ။

ခွေးဇာတ်
ခွေးဇာတ်
ပြောရရင်တော့ ရိုင်းတယ်ဖြစ်မယ်
ဖင်လေးတခါခါနဲ့
ရာသီချိန်မှာ ဆာပြတတ်တာလောက်နဲ့
ခွေးဇာတ်မခင်းနဲ့
ခွေးဇာတ်ခင်းချင်ရင်
ခွေးနဲ့တူအောင်နေ
ကျွေးထားတဲ့ သခင်တွေအပေါ်တော့ နဲနဲရိုသေ
မည်းမည်းမြင်တိုင်းထိုးဟောင်
တစိမ်းမြင်သွားဖြဲ
ကိုက်တန်ကိုက်
ဖီတန်ဖီ
လူတွေ့ရင် ပြီတီတီ မလုပ်နဲ့
အကန်ခံရရင်တော့ တအီအီ လုပ်ပြတတ်ပါစေ
လတိုင်းဟာ တော်သလင်းမဟုတ်ဘူးဆိုတာလည်းသိထား
ဂိသွားမယ်
အချိန်ကျရင်တော့ အရှက်ကမ်းကုန်ပလေ့စေပေါ့
အူတန်အူ
အိုင်တန်အိုင်
အားလုံးကို ဒိုင်ခံပြီး ဖြေရှင်းသင့်ရှင်း
တစ်ခါတစ်လေတော့ ဆန္ဒတစ်ခုအတွက်
ရဲရဲကြီး ရင်းရဲတတ်ရသတဲ့
ဒါပေမယ့်
သားသမီးကိုလည်း မှတ်ထားဦး
ပြန်မစားနဲ့
မင်းဟာ ခွေးစုန်းကြီးလားလို့ အမေးခံရမယ်
တစ်လတည်းအတွက်နဲ့တော့
မတတ်တတတ်နဲ့ ခွေးဇာတ်မခင်းနဲ့
အရပ်ပျက်တယ်
ခွေးဘက်ကလည်းနာတယ်။
ဝန်ခံချက်။ ။ကြိုက်လို့ ကိုညီလင်းဆက် ဆီက ကူးယူထားတာပါ။

Monday, October 27, 2008
DirectX နဲ. ဗွီဒီယိုကဒ်များ
အရင်တုန်းကတော့ အသုံးချဆော့ဝဲ အပလီကေးရှင်းများဟာ ကွန်ပြူတာရဲ့ ဟာ့ဝဲများကို တိုက်ရိုက် ဆက်သွယ်သုံးကြတယ်ဆိုပဲဗျ။ အဲဒီတော့ ဘာဖြစ်သလဲဆိုရင် ဆော့ဝဲရေးတဲ.သူက အဆင်ပြေအောင်ရေးမထားရင် ကွန်ပြူတာ ပျက်နိုင်တယ်ဆိုပဲဗျ။ ပရိုဂရမ်မာကြောင်. ကွန်ပြူတာ ပျက်နိုင်တယ်ပေါ့ဗျာ။ အဲဒါကြောင့်ပဲ မိုက်ခရိုဆော.က ဟာ့ဝဲအားလုံးကို ၀င်းဒိုး ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ထားတော့တယ်ဗျာ။ အဲဒီတော့ ကွန်ပြူတာကို ဘယ်အပလီကေးရှင်းမဆို ၀င်းဒိုးကတဆင်.ခိုင်းရတော့တယ်။ အရင်ကလို ကွန်ပြူတာ crash ဖြစ်မှာမပူရတော့ဘူးပေါ့ဗျာ။ ဒါပေမယ့်ဗျာ စဉ်းစားကြည့်ပေါ့ အရင်ကတိုက်ရိုက်ခိုင်းလို့ရတဲ. အခြေအနေကနေ ၀င်းဒိုးကြီးကြားကခံနေတော့ ဆော့ဝဲတွေက သုံးရတာလေးကုန်တာပေါ့ဗျ။ ဂိမ်းတွေအတွက်က အသိသာဆုံးပေါ့ဗျာ။ ဂိမ်မာတိုင်းက မြန်တဲ့ကွန်ပြူတာကိုပဲသုံးချင်ကြတာကလား။ ပြီးတော. ဂိမ်းပရိုဂရမ်မာတွေလည်း အခက်အခဲတွေ့တာပေါ့ဗျာ။ သူတို့က ဟာ့ဝဲကိုတိုက်ရိုက်ခိုင်းချင်တာကိုးဗျ။ အဲဒါမှ သူတို့ ဂိမ်းတွေကမြန်မှာလေ။ အဲဒါနဲ.ဘဲ မိုက်ခရိုဆော့က ၀င်းဒိုးတွေမှာ အဲဒီ DirectX ဆိုတာကြီးကို ထည့်ပေးရတော့တာပဲဗျို့။ DirectX က ဟာ့ဝဲရဲ့တချို့အစိတ်အပိုင်းတွေကို ထိန်းချုပ်ပြီး ပရိုဂရမ်မာတွေအနေနဲ့ ၀င်းဒိုးကြားမခံပဲ ဟာ့ဝဲကိုတိုက်ရိုက်ခိုင်းလို့ရသွားတယ်ဗျာ။ speed demand များတဲ. မော်ဒန် ဂိမ်းတွေအတွက် အဆင်ပြေစေပါတယ်။ ၀င်းဒိုးမှာ 3-D ဂိမ်းတွေ ကစားလို့ရအောင် သူကအဓိကလုပ်ပေးတယ်ပေါ့ဗျာ။ သူမရှိရင် 3-D ဂိမ်းကစားလို့မရဘူးတော့ဟုတ်ဖူးဗျ နော်။ DirectX ကို ဖန်တီးရတဲ့ရည်ရွယ်ချက်က ဒီလိုဗျ။ မိုက်ခရိုဆော့က ၀င်းဒိုးထဲမှာ 3-D ဂိမ်းအပါအ၀င် အပလီကေးရှင်းဆော့ဝဲတွေကို တိုက်ရိုက်ခိုင်းလို့ရအောင်လုပ်ပေးတာ။ တိုက်ရိုက်ခိုင်းလို့ ဆော့ဝဲမကောင်းရင် ကွန်ပြူတာ ပျက်နိုင်တယ်လေ။ ဒါပေမယ့် DirectX ရဲ့ရည်ရွယ်ချက်က ၀င်းဒိုးအောက်မှာပဲ ရာနုန်းပြည့်တည်ငြိမ်တဲ. တိုက်ရိုက့်ဟာ့ဝဲ ကွန်ထရိုးရအောင်လုပ်ပေးတာလို့ဆိုတယ်ဗျ။
Saturday, October 25, 2008
သီလမရှိတဲ.ကျွန်တော်
အွန်လိုင်းမှာနေရင်း စိတ်ဓာတ်တွေကျနေတယ်ဗျာ။ သူများရဲ. ဘလော.တွေဖတ်ကြည်. ဖိုရမ်တွေ ၀င်ကြည်. တော. သူတို.ရေးတာတွေလည်းနားမလည်ဘူး အဲဒါနဲ. ကိုယ်.ဟာကိုယ်နားလည်အောင် ကိုယ်တိုင်ရေးမယ်ဆိုပြီး လက်စွမ်းပြတော.တာဘဲဗျို.။
ကဲထားတော.ဗျာ။ ဒီရက်ပိုင်းတွေအတွင်း အဆင်မပြေတာတွေကများနေတယ်။ ကျွန်တော်က ကွန်ပြူတာကို ၀င်းဒိုးနဲ. လင်းနစ်တစ်ခုတွဲသုံးတာဗျ။ အဆင်မပြေတာက ၀င်းဒိုးမှာ ခိုးထားတဲ. အန်တီဗိုင်းရပ်သုံးတယ်ဗျာ။ တတ်နိုင်ဘူးလေ ငါးပါးသီလတော.မလုံနိုင်ပါဘူး။ အဲဒါ ဘယ်လိုကနေဘယ်လို ဘလက်လစ်ဖြစ်သွားမှန်းမသိဘူး သုံးမရတော.ဘူး စိတ်ကိုညစ်ရောဗျာ ဒါနဲ.ပဲ နောက်တစ်ခု အမြည်းပေးတာလေး ဒေါင်းလုပ်ဆွဲပြီးသုံးနေရတယ်။ သတိယားပြီးသုံးနေတာတောင် ကိုရွှေဗိုင်းရပ်က task manager ကို ခဲသွားသေးတယ်ဗျာ။ တတ်နိုင်ဘူး။ မြန်မာပြည်မှာနေလို.ကတော. ငါးပါးသီလမြဲနိုင်ပါဘူးဗျာ။ စဉ်းစားကြည်.ပါဦး ၀င်းဒိုးဆိုတဲ.ဟာကြီးကလည်း ခိုးသုံးနေကြတာမဟုတ်လား။ မသုံးလို. ၀ယ်သုံးရအောင်ကလည်း နင်က ဘာကောင်လဲလို.မေးရင် ဘာမှမဟုတ်တဲ.အကောင် ကျောင်းဆရာငမွဲဆိုတော. ဒီလိုပဲဖြစ်ဦးမှာပါပဲဗျာ။

Subscribe to:
Posts (Atom)